
Thae 🫧
@thaehsuhlaing535
တိုင်းဒေသကြီး / တိုင်းဒေသကြီး:ဗမာ
အမျိုးအစား:
နေ့စဉ်
-
446662ကမ္ဘာအဆင့်
-
4069နိုင်ငံ / တိုင်းအဆင့်
-
151.27Kနောက်လိုက်များ
-
563ဗွီဒီယိုများ
-
2.83Mကြိုက်တယ်
-
ဗွီဒီယိုအသစ်များ27
-
နောက်လိုက်အသစ်များ1.34K
-
အမြင်အသစ်များ1.44M
-
Likes အသစ်140K
-
သုံးသပ်ချက်များအသစ်1.09K
-
ဝေစုအသစ်1.79K
Thae 🫧  ဒေတာလမ်းကြောင်း (ရက် 30)
Thae 🫧 စာရင်းအင်းဆန်းစစ်ခြင်း (ရက် 30)
-
ပျမ်းမျှ Views 1.44M နောက်လိုက်များ / မြင်ကွင်းများ 0.09% -
ပျမ်းမျှအကြိုက်များ 4.58K ကြိုက်တယ် / မြင်ကွင်းများ 13.16% -
ပျမ်းမျှသုံးသပ်ချက်များ 37 သုံးသပ်ချက်များ / မြင်ကွင်းများ 0.08% -
ပျမ်းမျှဝေစု 57 မျှဝေပါ / မြင်ကွင်းများ 0.12%
Thae 🫧 Hot Videos
ဝေးတဲ့အရပ်မှာ ပျော်ရွှင်ပါစေချစ်သူရေ….. မဆက်သွယ်ပဲ နေနိုင်ခဲ့ပါတယ်.. သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။ ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလို…. ဝဋ်ကြွေးလည်း ဖြစ်နိုင်ပါတယ်… ဖုန်းပြောခဲ့တဲ့အမှတ်တရတွေကို ရင်ဘက်ထဲမှာ သိမ်းထားတယ်…တချို့အမှတ်တရတွေကိုတော့ မေ့ထားလိုက်တယ်။ ရိုးရိုးသားသားဝန်ခံရရင် အများကြီး သတိရတယ်… ဒို့နှစ်ယောက်ရှေ့ဆက်ဖို့ မဖြစ်နိုင်တာ သိခဲ့ရတဲ့အတွက် ခြေလှမ်းလေးတွေ နောက်ဆုတ်ခဲ့တာပါ” ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ရဦးမယ်၊ရင့်ကျက်ဖို့လည်း အများကြီး ကြိုးစားရဦးမယ်… ချစ်ရသူရေ …ဝေးသောအရပ်မှာ… နီးတဲ့သူနဲ့ အဆင်ပြေပါ မပိုင်ဆိုင်ရလည်း “မြတ်နိုးခဲ့ရပါတယ်”……..#crd
တင်ပါးလှတဲ့အမျိူးသမီးကိုကြိုက်ရင် တင်ပါးလှတဲ့အမျိူးသမီးနဲ့တွဲပါ…. ရင်သားကြီးတဲ့အမျိူးသမီးကိုကြိုက်ရင် ရင်သားကြီးတဲ့အမျိူးသမီးနဲ့တွဲပါ…. ပိန်တဲ့အမျိူးသမီးကိုကြိုက်ရင် ပိန်တဲ့အမျိူးသမီးနဲ့တွဲပါ… ကိုယ်ကြိုက်တာကိုယ်လုပ်တာ ဘာမှားစရာမှအကြောင်းမရှိပါဘူး… ပြဿနာက မင်းရွေးချယ်ထားတဲ့ သူမ မဟုတ်နေခြင်းပါပဲ့ အဲဒီလိုလုပ်ခြင်းကသူမစိတ်မကောင်းဖြစ်သွားမယ်၊ သူ့ကိုသူမလှဘူးလို့ထင်မယ်၊သူမတစ်ယောက်ထဲနဲ့ မလုံလောက်ဘူးလို့ခံစားရမယ်…. ရည်းစားရှိပီးသားလူက တခြားလူကိုစာတွေပို့နေတာ၊ တခြားမိန်းမပုံကြည့်နေတာ တခြားမိန်းမနဲ့အတူ ရှိနေတာ တစ်ခြားမိန်းမအပေါ်စိတ်ယိုင်နေတယ်ဆိုတာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူး…. မင်းရည်းစားကို ကမ္ဘာပေါ်မှာအလှဆုံးလို့မင်းမမြင်ရင် လမ်းခွဲလိုက်ပါ… မင်းမမြင်တဲ့အရာကို သူ့မှာမြင်တဲ့သူကိုရှာတွေ့နိုင်ဖို့ လွတ်လပ်ခွင့်ပေးလိုက်ပါ… အတ္တမဆန်ပါနဲ့ သူမကိုလေးစာပါ(ဒါမှမဟုတ်)လွတ်လပ်ခွင့်ပေးလိုက်ပါ#crd
: လူတစ်ယောက်ကို အရမ်းချစ်ပြီးသွားလို့ ... နောက်ဆုံး လမ်းခွဲတဲ့ အချိန်တွေကျရင်လေ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရတာ အခက်ဆုံးပဲ ... ဘယ်လို ပြုံးခဲ့တာဆိုတဲ့ နှုတ်ခမ်းတွေကို ပြန်မှတ်မိဖို့ မနည်း ပြန်ကြိုးစားယူရတယ် ... ငါ ဘာဖြစ်ချင်ခဲ့တာဆိုတဲ့ ချောင်ထိုးထားမိတဲ့ အိပ်မက်တွေကို မနည်းပြန်ရှာရတယ် ... အဲ့ဒီတုန်းကလေဆိုတဲ့ အတိတ်တွေကို ပြန်မမှတ်မိအောင် မေ့ချင်ယောင်ဆောင်ရတယ် ... လူတစ်ယောက်ကို ရင်ဘတ်ထဲ ထည့်ထားပြီး နှစ်တွေအကြာကြီးကို သူက ဘာကြိုက်တတ်တာ သူက ဘာဖြစ်ချင်ခဲ့တာ သူက ဘယ်လိုဆို အဆင်ပြေမှာ စသည်ဖြင့် ... ကိုယ့်အတွက်ကိုယ်တွေးဖို့ မေ့နေခဲ့တာဆိုတော့လည်း ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရတာ ခက်ပါတယ် ။ လူတွေက ... သူတို့နာကျင်ရတာမှမဟုတ်ရင် အဲ့လောက်လေးနဲ့ ဒီလောက်ဖြစ်စရာလိုလို့လားဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ့်ရဲ့ ဘယ်နာကျင်ခြင်းကိုမဆို လှောင်ရယ်ဖို့လောက် တွေးကြတာလေ ။ ဒါကြောင့် ... ဘယ်အဆင်မပြေခြင်းကိုမဆို သိမ်းထား သိမ်းထားရင်းက ဒီလိုပဲ မြိုသိပ်တတ်သွားတာပါ ။#crd
အရိုးသားဆုံး၀န်ခံရရင် ကျွန်မရှင်နဲ့ ဘယ်တုန်းကမှ မဝေးချင်ခဲ့ဘူး ... ဒါပေမယ့် ဘာလို့ နည်းနည်းလေးမှ ကျွန်မကို ပြန်ငဲ့မကြည့်ပေးခဲ့တာလဲလို့ တွေးနေမိတယ် စိတ်ဆိုးစိတ်ကောက်တဲ့အခါ ဘယ်နှကြိမ်များ ... ကျွန်မကိုချော့ခဲ့ရဖူးလို့လဲ အမှားတွေ လုပ်တဲ့အခါ ဘယ်နှခါများ တောင်းပန်စကား ပြောခဲ့ဖူးလို့လဲ ။ ကိုယ်ပဲ စိတ်ဆိုး ပြီးရင် အရှက်မရှိ ကိုယ်ပဲစခေါ်ပြီး နေခဲ့ရတာပဲမဟုတ်လား နာကျင်စေတဲ့အကြိမ်တိုင်းမှာလည်း ကိုယ်ဟာ မျက်ရည်တွေကျတတ်ပြီး အမှတ်မရှိ ... ဖုန်းတွေစဆက်ခဲ့မိတာလေ ဒီလောက်ချစ်တာကို ဆိုတဲ့ စကားကို မသုံးတော့ပါဘူး ကျွန်မကို မိန်းကလေးတစ်ယောက်လို့ မမြင်ရင်တောင် သူက လူသားတစ်ယောက်ပဲလေဆိုပြီးတော့ တွေးပေးစေချင်ခဲ့တာ ။ ဘယ်အချိန်မှာမဆို ကျွန်မက အမြဲ အသင့်ရှိနေတတ်ပေမယ့် ရှင်ကျတော့လေ ကျွန်မ လိုအပ်ပါတယ်ဆိုတဲ့ အချိန်လေးတွေမှာတောင် ကျွန်မအနားရှိနေပေးဖို့ ဘာကြောင့် သိပ်ခက်ခဲနေခဲ့တာလဲ ပျော်ရဲ့လားဆိုတဲ့ မေးခွန်းတွေကို မျက်ရည်တွေကြားက မေးတတ်တဲ့ မိန်းမတစ်ယောက်ကို အဆင်ပြေရဲ့လားဆိုပြီး ၀တ်ကျေတမ်းကျေလောက် မေးဖို့ ဘာလို့ ခက်ခဲခဲ့တာလဲ ။ မိန်းကလေးတစ်ယောက်လေနော် ... ဂရုစိုက်တာလေး လိုချင်တယ် သိပ်ချစ်တာလေး လိုချင်တယ် ဒါပေမယ့် ... အဲ့တာတွေ အားလုံးမရပဲနဲ့တောင် ရပ်နေတဲ့ ကျွန်မကို ဘာကြောင့်များ ပစ်ထားဖို့ကို အမြဲတမ်း ရွေးနေခဲ့တာလဲ သိချင်နေမိတယ် ။ ကျွန်မကလေ ရှင်နဲ့ ဘယ်တုန်းကမှ မဝေးချင်ခဲ့ဘူး ဒါပေမယ့် သေချာတွေးကြည့်ပြန်ရင်လည်း ကျွန်မတို့ နှစ်ယောက်က စသိခဲ့တဲ့ အခြေအနေတုန်းကလိုပါပဲ ဘယ်တုန်းကမှ မနီးခဲ့ပါဘူး ။ ကျွန်မသာ ... တစ်ဖက်သတ်ကြီး ရူးနေခဲ့တာပါ ။ #crd
ကျွန်မ ချစ်ပေးနေလို့ ပြန်ချစ်နေတာမျိုးလား ... ချစ်လားဆိုတဲ့မေးခွန်းကိုတောင် တကူးတကမေးယူနေရတဲ့ ဆက်ဆံရေးမျိုးကို တစ်ခါတစ်လေကျတော့ အဖြေထုတ်နေမိတယ် ။ ကျွန်မကို သတိမရဘူးလားဆိုပြီး တစ်နေ့လုံး တိတ်ဆိတ်နေတဲ့ ဆက်ဆံရေးတွေကို ကျွန်မဖက်က စပြီး နေ့တိုင်း အသက်၀င်အောင် ကြိုးစားရတာပဲ မဟုတ်လား ။ ဒီမေးခွန်းလေးပေါ့ ... ကျွန်မ ချစ်ပေးနေလို့ ရှင် ပြန်ချစ်နေတာမျိုးလား ။ အင်း ... အောက်သက်သက်တော့ နိုင်တာပေါ့ ရှင်ရယ် ... သေးသေးမွှားမွှားတွေကအစ ရှင့်ကို တိုင်ပင်ချင်နေတဲ့ ကျွန်မလည်း အမှန်ပြောရရင် ရင့်ကျက်ချင်ပြီ ...ဒါမှမဟုတ် နေတတ်ချင်ပြီ ။ တစ်နေ့လုံး ... ဘာလုပ်တယ် ဘာစားတယ် ပြီးတော့ တစ်နေ့လုံး အသေးစိတ် ရှင့်ကို ပြောပြချင်နေမိတဲ့ စိတ်တွေကို ဒီရက်မှာ ထိန်းရတယ် ။ ကျွန်မ မချစ်ပဲ နေနိုင်ချင်တယ် ... အဲ့လိုမှမဟုတ်ရင်လည်း ဒီလောက်ထိ ချစ်ပြနေတာမျိုးမဟုတ်ပဲ ချစ်ခြင်းမေတ္တာကို ကန့်သတ်ထားချင်တယ် ။ ကျွန်မရှင့်ကို ချစ်တယ်ဆိုတဲ့ စကားကို တဖွဖွ ပြောနေတာမျိုးမဟုတ်ပဲ ရှင့်လိုမျိုး မေးမှပဲ ဖြေတတ်ချင်တယ် ။ ရှင်နဲ့ ပတ်သက်ပြီး အရာရာကို ပြာယာခတ်နေလောက်တဲ့အထိ မဖြစ်ချင်တော့ဘူး ။ လူတစ်ယောက်ကို ကိုယ်ကပဲ ချစ်နေရသလို ခံစားချက်ကလေ ... တော်တော်လေး အဆင်မပြေတာ ရှင်ရဲ့ ... ကျွန်မ ချစ်နေလို့ ရှင်ပြန်ချစ်နေတာလားဆိုတဲ့ အတွေးတွေ၀င်လာရင် ကျွန်မ ချစ်နေခြင်းတွေကို ရပ်တန့်ပစ်လိုက်ချင်တယ် ။ ဒါပေမယ့် ကျွန်မ ရပ်တန့်ချင်လေ ပိုတိုးပြီး ချစ်မိလေပါပဲ ။ ဖြေကြည့်ပါ ... ကျွန်မက အရမ်းချစ်နေလို့ ရှင်က အားနာပါးနာ ပြန်ချစ်နေရတာမျိုးလား ။ အဲ့လိုမျိုးဆိုရင်တော့ ... ဘယ်လောက်ပဲ ချစ်နေပါစေ ... ကျွန်မ မချစ်သလိုမျိုးပဲ နေလိုက်မိမယ်ထင်ပါတယ် ။ #ကျေးကို #crd
မဆက်သွယ်ဖြစ်တော့ရုံပါ လွမ်းတာတော့ လွမ်းပါတယ် ။ ဒီလောက်နှစ်တွေအကြာကြီးချစ်ခဲ့ရတာပဲလေ... ဘယ်လိုလုပ်လွယ်လွယ်လေး မေ့ပစ်နိုင်မှာလဲ ။ အချိန်တိုင်းမဟုတ်ရင်တောင် တမ်းတမ်းတတကို လွမ်းပါတယ် ။ ဒါပေမယ့် မဆက်သွယ်ဖြစ်တော့ရုံပါနော် ။ မာနတွေထားခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ... သူနဲ့ပတ်သက်ရင် ကိုယ့်မှာ မာနဆိုတာလဲ မဲ့ခဲ့သလို ထားဖို့လဲ သတိမရခဲ့တာ ခုမှတော့လဲ တကူးတကကြီးထားမနေတော့ပါဘူး... ဆက်သွယ်ချင်နေမိတဲ့စိတ်ကို မင်းမှ မပြောချင်ပဲလေဆိုတဲ့ စိတ်နဲ့ ဖြေလိုက်တာပါ ။ အလွှတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို မဖျက်ပဲထားခဲ့တာ သူနဲ့ဝေးခဲ့တဲ့ ရက်တွေကတည်းကနေ တစ်ခါတစ်လေမှ ဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့ သူ့အသံလေးကြားချင်ရုံတစ်ခုတည်းနဲ့ ရူးမိုက်ချင်မိတဲ့စိတ်တွေ ဖြစ်မိတယ် ပြီးရင် ကိုယ်ပဲ စဆက်ပြီး ကိုယ်ပဲ ဆက်ငိုနေရမှာလေ ။ ဒီတိုင်းလေးလွမ်းနေတာပဲကောင်းပါတယ် ။ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သူ အသက်ရှင်နေတာပဲဆိုတဲ့ စိတ်လေးနဲ့ နေနိုင်အောင် နေကြည့်ဖို့ပဲ တွေးပါတယ် ။ ကိုယ်က လွမ်းနေပေမယ့်လဲ သူက မေ့နေပြီးသားအရာတစ်ခုကို အစပြန်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် ထပ်မသတ်ချင်တော့တာလဲ ပါတာပေါ့ ။ ဆက်သွယ်မိနေပြန်ရင်လဲ အလေးမထားတဲ့ အပြောမျိူးတွေ ဘာပြောစရာရှိလို့လဲဆိုတဲ့ စကားတွေအောက်မှာ ကိုယ်ပဲ ပြိုလဲနေရမှာ သိတယ် ။ မင်းကို သိပ်ကိုလွမ်းတာပေါ့... ဒါပေမယ့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မဆက်သွယ်မိအောင် အတတ်နိုင်ဆုံးထိန်းပါတယ် ။ #ကျေးကို #crd
ညီမလိုမိန်းကလေးက အမလိုမိန်းကလေးကို “မယှဉ်နိုင်ပါဘူး”တဲ့လေ… သိပ့်မှန်တာပေါ့အမရယ် အမလိုပညာတတ်ဘွဲ့ရတော့မဲ့ သူကို ညီမလိုပိုက်ဆံရှာရင်း မိသားစုကိုငဲ့နေရတဲ့သူက ဘယ်လိုယှဉ်နိုင်ပါ့မလဲ… အမက မိဘတွေချမ်းသာပြီး ညီမကမိဘတွေချမ်းသာအောင် ကြိုးစားနေတဲ့သူလေ… အမက ပညာပြည့်စုံလို့ အရည်အချင်းပြည့်ဝပြီးသား ညီမကလဲ လောကဓံကပေးတဲ့ပညာတွေပြည့်ဝနေတဲ့လူလေ… အမကဘာမဆိုတောင်းတလို့ရတဲ့ဘဝ ညီမကညီမလိုချင်တာဆို ကိုယ်တိုင်ကြိုးစားလုပ်ယူရတဲ့ဘဝလေ အမကအမှတ်မထင်တွေ့လိုက်ရုံနဲ့ အချစ်ကိုတွေ့ရပေမဲ့ ညီမကအဲအချစ်ကို အချိန်အကြာကြီးအရိပ်တကြည့်ကြည့် ပြုစုပျိူးထောင်ခဲ့ရသူလေ… အမကဂုဏ်သရေရှိပညာတတ်မိသားစုကမွေးဖွားလာပြီး ညီမကဆင်းရဲတဲ့မိသားစုကမွေးဖွားလာတဲ့သူလေ။ပြည့်စုံတဲ့အမလိုဘဝမျိူးကို ဘယ်နေရာကမှယှဉ်လို့တိုးမပေါက်မှန်းသိပါတယ် အနိုင်ပိုင်းသွားလဲ အသာလေးအရှုံးဘက်ကနေလိုက်ရုံပါပဲ့#crd
ကျေးဇူးပြု၍ TikTok Inspiration Facebook အဖွဲ့သို့ဆက်သွယ်ပါ
ကျွန်ုပ်တို့သည်နောက်ဆုံးပေါ်ဖန်တီးမှုဗွီဒီယိုများကိုမျှဝေမည်ဖြစ်ပြီးလူတိုင်းနှင့်သင်မေးသောမေးခွန်းများကိုဆွေးနွေးနိူင်သည်။
TiktokSpy from IXSPY
သြဇာရှိသူများ၊ အေဂျင်စီများ၊ ကြော်ငြာရှင်များနှင့်ကုန်အမှတ်တံဆိပ်များအတွက်ဒီဂျစ်တယ်ကိရိယာများ။
လွတ်လပ်သောတတိယပါတီကုမ္ပဏီမဟုတ်၊ TikTok ၏တရားဝင်ဝက်ဘ်ဆိုက်မဟုတ်ပါ။
Copyright@2021 ixspy.com. All Rights Reserved